ချောဆီ စေးပျစ်မှုအညွှန်းကိန်း Viscosity Index (VI) ဆိုသည်မှာ အပူချိန်ပြောင်းလဲမှုကို လိုက်ပြီး ချောဆီ၏ စေးပျစ်အား ပြောင်းလဲခြင်း ကို တိုင်းတာဖေါ်ပြသည့် ကိန်းဖြစ်သည်။စေးပျစ်မှုအညွှန်းကိန်း (VI) နိမ့်သော အင်ဂျင်ဝိုင်များသည် အပူချိန် အနိမ့်တွင် ပိုမို စေးပျစ်ပြီး၊ အပူချိန် အမြင့်တွင် ရှိသင့်သည်ထက် ပို ကျဲ သွားသည်။
စေးပျစ်မှုအညွှန်းကိန်း (VI) မြင့်သော အင်ဂျင်ဝိုင်များသည် အင်ဂျင်အတွင်း ပြောင်းလဲနေသော အပူချိန် အနိမ့် ၊ အမြင့် များ တွင် ရှိသင့်သည့် စေးပျစ်အား ကို ကောင်းစွာ ထိန်းထားနိုင်သည်။
VI မြင့်စေသည့် ဖြည့်စွက်ပစ္စည်း Additives များနှင့် အရည်အသွေးပိုမြင့်သော (Base Oil) အခြေခံချေေဆီများကို ယနေ့ခေတ်တွင် တွင်ကျယ်စွာအသုံးပြုနေကြပြီး VI အညွှန်းကိန်း 100 ထက်ကျော်လွန်၍ ရရှိနိုင်ပြီဖြစ်သည်။ Viscosity Index (VI) သည် 80 မှ 400 ကျော်အထိရှိနိုင်ပါသည်။
ဝန်နှင့် အမြန်နှုန်း အမျိုးမျိုးမောင်းနှင်ရခြင်း၊ ယာဉ်၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်လိုခြင်း၊ ချောဆီကို ပိုမိုကြာရှည် အသုံးပြုလိုခြင်း၊ အင်ဂျင်သက်တမ်းကြာရှည်စေခြင်း တို့ အတွက် VI မြင့်သော ချောဆီများ ရွေးချယ်အသုံးပြုနိုင်သည်။
