ကီလို 120,000 အထက် ဓါတ်ဆီကားများအတွက် EVEREST အင်ဂျင်ဝိုင်
• Fully Synthetic 5W-30, 10W-30, 10W-40 (API SP / ILSAC GF-6A) အင်ဂျင်ဝိုင်များ ထဲက မိမိကားရဲ့ Owner’s Manual အရ ဖြစ်စေ၊ မက္ကင်းနစ် ၏ အကြံပြုချက်အရ ဖြစ်စေ SAE Viscosity Grade ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
• Synthetic Blend (Semi-Synthetic) ထဲက ဆိုရင် 10W-30 (API SP/ILSAC GF-6A) သို့မဟုတ် 10W-40 (API SP) ကို Owner’s Manual အရ ၊ သို့မဟုတ် မက္ကင်းနစ်၏ အကြံပြုချက် အရ ရွေးချယ် အသုံးပြုနိုင်ပါတယ်။
• High Mileage 10W-30 (Synthetic Blend, API SN Plus / ILSAC GF-5) အင်ဂျင်ဝိုင် ကို မိုင် ၇၅ဝဝဝ (ကီလိုမီတာ ၁၂ဝဝဝဝ) ကျော် ဓါတ်ဆီကား များ မှာ အသုံးပြုနိုင်ပါတယ်။ High Mileage အင်ဂျင်ဝိုင် မှာ အင်ဂျင်အတွင်းက အွိုင်းစီးလ်များ ပျော့ပျောင်းလာစေတဲ့ seal conditioners နဲ့ additives များ ပါဝင် တာကြောင့် High Mileage အင်ဂျင်ဝိုင် တစ်ကြိမ် သို့ မဟုတ် နှစ် ကြိမ် ထည့် လဲ ပြီး ရင် အွိုင်းစီးလ် ကြောင့် အင်ဂျင်ဝိုင် ယိုစိမ့်တာ (အင်ဂျင်ဝိုင်ပျောက်တာ) ကို လျော့ကျ စေနိုင်ပါတယ်။
