DPF ပါတဲ့ ကားများ အတွက် ACEA C3 အင်ဂျင်ဝိုင်

ACEA ‘C’ Class အင်ဂျင်ဝိုင်သည် ဥရောပနိုင်ငံများ၏ အိတ်ဇောဓါတ်ငွေ့ ထုတ်လွှတ်မှု ကန့်သတ်ချက် စံနူန်း နှင့် ကိုက်ညီအောင် ထုတ်လုပ် ထားသည့် မော်ဒယ်မြင့် ဒီဇယ်ကား၊ ဓါတ်ဆီကားများတွင် အသုံးပြုရသည့် Catalyst Compatible Motor Oil ဖြစ်သည်။

1. DPF (Diesel Particulate Filter), SCR (Selective Catalytic Reduction) စသည့် ကျောက်ဇကာများ အိတ်ဇောစနစ်တွင်ထည့်သွင်းအသုံးပြုထားသည့် ဒီဇယ်ကားများ …

2. GPF (Gasoline Particulate Filter), TWC (Three Way Catalytic Converter) စသည့် ကျောက်ဇကာများ အိတ်ဇောစနစ်တွင်ထည့်သွင်းအသုံးပြုထားသည့် ဓါတ်ဆီကား များမှာ … ACEA C3 အင်ဂျင်ဝိုင်ကို အသုံးပြုကြသည်။

ACEA C3, Fully Synthetic ဖြစ်သည့် EVEREST Euroline 5W-30, 5W-40 အင်ဂျင်ဝိုင်ကို အသုံးပြုခြင်းဖြင့် ကျောက်ဇကာများ သက်တမ်းကြာရှည်ခံပြီး ဆီစား သက်သာကာ ၊ Engine Performance အကောင်းဆုံးရစေသည်။

*ACEA ‘C’ Class အင်ဂျင်ဝိုင်သည် ဥရောပ ကားထုတ်လုပ်သူများ အဖွဲ့အစည်း ACEA (l’Association des Constructeurs Européens d’Automobiles / European Automobile Manufacturers Association) က သတ်မှတ်ထားသည့် ‘Engine Oil Specifications’ class တစ်ခု ဖြစ်သည်။

EVEREST Euroline 5W-40 ACEA C3-16 Reduced SAPS

Leave a Comment