ဘယ်အင်ဂျင်ဝိုင် သုံးရမလဲ

အင်ဂျင်ဝိုင်ပုံးပေါ်မှာ စစ်ဆေး ကြည့်ရှုသင့်တဲ့ တံဆိပ်နှင့် အမှတ် အသားများ။

? SAE Viscosity Grade
မိမိ ကား အတွက် လို အပ်တဲ့ စေးပျစ်အား (Car Owners’ Manual စာအုပ်ထဲမှာ ဖေါ်ပြလေ့ ရှိတဲ့) SAE Viscosity Grade ကို သိရှိထားရင် အင်ဂျင်ဝိုင် SAE Grade ရွေးချယ်ရာမှာ အထောက်အကူ ဖြစ်ပါတယ်။ ၄င်း အမှတ်အသား ကို အင်ဂျင်ဝိုင်ပုံး ပေါ်မှာ စစ်ဆေး ကြည့်နိုင်ပါတယ်။ SAE 0W-20, SAE 5W-30, SAE10W-30, SAE 10W-40, SAE 15W-40 စသဖြင့် တွေ့ နိုင်ပါတယ်။

? API Certification Logo နဲ့ API Service Rating Donut တံဆိပ်ဝိုင်း၊

အင်ဂျင်ဝိုင်ပုံးတွေမှာ API Certification Logo (API Donut) တံဆိပ်ဝိုင်း၊ အမေရိကန် ရေနံဓါတုအဖွဲ့ အသိအမှတ်ပြု တံဆိပ် ပါလေ့ရှိပါတယ်။
အဆိုပါ တံဆိပ်အမှတ်အသား ပါရှိခြင်း ဟာ …
– အင်ဂျင်ဝိုင် အရည်အသွေး ကို API အဖွဲ့က စမ်းသပ်စစ်ဆေးပြီး ထောက်ခံ အတည်ပြုထားတယ် လို့ ဆိုလိုတာ ဖြစ်တယ်။
– မူရင်းပစ္စည်း ထုတ်လုပ်သူများ (Original Equipment Manufacturer – OEM) (ကားအင်ဂျင် ထုတ်လုပ်သူများ) က ၄င်းတို့ ထုတ်လုပ်တဲ့ ကားအင်ဂျင်များ အတွက် လိုအပ်တဲ့ အင်ဂျင်ဝိုင်အရည်အသွေး အမျိုးအစား ကို ရည်ညွှန်းတဲ့ အခါ API Certification Seal (API အသိအမှတ်ပြုဆီးလ်တံဆိပ်) သို့မဟုတ် ILSAC (International Lubricant Standardization and Approval Committee) ရဲ့ ထောက်ခံချက် အမှတ်အသား (Certification Mark) ပါတဲ့ အင်ဂျင်ဝိုင် ကို အသုံးပြုဖို့ Car owners’ manual စာအုပ်ထဲမှာ ဖေါ်ပြလေ့ ရှိပါတယ်။

API Category

အင်ဂျင်ဝိုင်ပုံးတွေမှာ ဓါတ်ဆိီကားများ အတွက် API Category ၊ ဒီဇယ်ကားများ အတွက် API Category များကို ဖေါ်ပြလေ့ ရှိပါတယ်။ (API Service Rating Donut) တံဆိပ်ဝိုင်း ထဲမှာ ဖေါ်ပြထားပါတယ်။ တစ့်အင်ဂျင်ဝိုင် တံဆိပ် ့ ပုံး တွေ မှာ အလွန် သေးငယ်စွာ ဖေါ်ပြထားတာကြောင့် အလွယ်တကူ ရှာမတွေ့တတ်ပါ။

ဓါတ်ဆီ အင်ဂျင်များ အတွက် အင်ဂျင်ဝိုင် ပုံးပေါ်က API Donut တံဆိပ်အဝိုင်းမှာ အောက်ပါ API Category များထဲမှ တစ်ခု ခု ပါ ပါတယ်။ ဘယ် model year အတွက် သုံးသင့်လဲဆိုတာကို API Category တစ်ခု ချင်းစီ အတွက် ယေူယျ အားဖြင့် ဖေါ်ပြထားပါတယ်။
.
API SG (1993 နှင့် ၄င်းနှစ် မတိုင်မီ ကား အင်ဂျင်မော်ဒယ် များ အတွက် သာ သင့်တော်သည်။)
API SH (1996 နှင့် ၄င်းနှစ် မတိုင်မီ ကား အင်ဂျင်မော်ဒယ် များ အတွက် သာ သင့်တော်သည်။)
API SJ (2001 နှင့် ၄င်းနှစ် မတိုင်မီ ကား အင်ဂျင်မော်ဒယ် များ အတွက် သာ သင့်တော်သည်။)
API SL (2004 နှင့် ၄င်းနှစ် မတိုင်မီ ကား အင်ဂျင်မော်ဒယ်များ အတွက် သာ သင့်တော်သည်။)
API SM (2010 နှင့် ၄င်းနှစ် မတိုင်မီ ကား အင်ဂျင်မော်ဒယ်များ အတွက် သင့်တော်သည်။)
API SN (2020 နှင့် ၄င်းနှစ် မတိုင်မီ ကား အင်ဂျင်မော်ဒယ်များ အတွက် သင့်တော်သည်။)
API SP (May 2020 တွင် စတင် မိတ်ဆက်ခဲ့သည်။)

စမ်းသပ့်ရှိချက် အသစ်တွေအပေါ် မူတည်ပြီး ပိုမို ကောင်း လာတဲ့ အရည်အသွေး အတန်းအစား အလိုက် API က အတည်ပြု သတ်မှတ် လိုက်တဲ့ Service Rating များ ဖြစ်ပါတယ်။

ဒီဇယ် အင်ဂျင်များ အတွက် အင်ဂျင်ဝိုင် ပုံးပေါ်က API Donut တံဆိပ်အဝိုင်းမှ အောက်ပါ API Category များထဲမှ တစ်ခု ခု ပါ ပါတယ်။ ဘယ် model year အတွက် သုံးသင့်လဲဆိုတာကို API Category တစ်ခု ချင်းစီ အတွက် ယေူယျ အားဖြင့် ဖေါ်ပြထားပါတယ်။။

API CE (1994 နောက်ပိုင်းထုတ် ဒီဇယ်အင်ဂျင်အများစု အတွက် သုံးရန် မသင့်တော်ပါ)
API CF (2009 နောက်ပိုင်းထုတ် ဒီဇယ်အင်ဂျင်အများစု အတွက် သုံးရန် မသင့်တော်ပါ)
API CF-2 (2009 နောက်ပိုင်းထုတ် ဒီဇယ်အင်ဂျင်အများစု အတွက် သုံးရန် မသင့်တော်ပါ)
API CF-4 (2009 နောက်ပိုင်းထုတ် ဒီဇယ်အင်ဂျင်အများစု အတွက် သုံးရန် မသင့်တော်ပါ)
API CG-4 (2009 နောက်ပိုင်းထုတ် ဒီဇယ်အင်ဂျင်အများစု အတွက် သုံးရန် မသင့်တော်ပါ)
API CH-4 (1998 တွင် စျေးကွက်အတွင်းသို့ စတင်မိတ်ဆက်ခဲ့သည်။ CD, CE, CF-4, နဲ့ CG-4 တို့ သုံးခဲ့သည့် ကားများအတွက် အသုံးပြုနိုင်သည်။)
API CI-4 (2002 တွင် စျေးကွက်အတွင်းသို့ စတင်မိတ်ဆက်ခဲ့သည်။ CD, CE, CF-4, CG-4, နဲ့ CH-4 ‌ တို့ သုံးခဲ့သည့် ကားများအတွက် အသုံး ပြုနိုင်သည်။)
API CJ-4 (2010 ဒီဇယ် အင်ဂျင် မော်ဒယ် နှင့် အစောပိုင်း မော်ဒယ်များ တွင် အသုံး ပြုနိုင်သည်။ CI-4, CH-4, CG-4 နဲ့ CF-4 အသုံး ပြုရန် ရည်ညွှန်း ခဲ့သော ဒီဇယ်ကား များ မှာ CJ-4 ကို အသုံး ပြုနိုင်သည်။)
API CK-4 (2016 ဒီဇင်ဘာလ တွင် စျေးကွက်အတွင်းသို့ စတင်မိတ်ဆက်ခဲ့သည်။ ယခင်က CJ-4, CI-4, CI-4 PLUS, CH-4 အသုံး ပြုရန် ရည်ညွှန်း ခဲ့သော ဒီဇယ်ကား များ မှာ CK-4 ကို အသုံး ပြုနိုင်သည်။ backward compatible ဖြစ်သည်။)
API FA-4 (CK-4 နဲ့ တစ်ချိန်တည်း 2016 ဒီဇင်ဘာလ တွင် စျေးကွက်အတွင်းသို့ စတင်မိတ်ဆက်ခဲ့သည်။ FA-4 သည် backward compatible မဖြစ်ပါ။ ဆိုလိုတာက CJ-4, CI-4, CI-4 PLUS, CH-4 အသုံးပြုနေခဲ့သော ဒီဇယ်ကား များ မှာ FA-4 ကို အသုံး မပြုရပါ။)

ကား အင်ဂျင် မော်ဒယ်အသစ် တွေနဲ့ ကိုက်ညီ တဲ့ အရည်အသွေး ရအောင် စမ်းသပ်တွေ့ရှိချက် အသစ်တွေပေါ် မူတည်ပြီး ပိုမို အရည်အသွေးကောင်းတဲ့ အမျိုး အစား တွေ ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

အင်ဂျင်ဝိုင် အမျိုးအစားရွေးချယ်ရာတွင် ကားပိုင်ရှင် လက်စွဲစာအုပ်မှ အကြံပြုချက်များကို ကြည့်ရှုပါ။ (Always check your owner’s manual for proper service recommendations.)